နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူ(၁၃)ဦး ထပ်မံတွေ့ရှိ

နွားထိုးကြီး ဇူလိုင် ၁၂

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိသူများနှင့် ထိတွေ့ဆက်စပ်သူများ၊ ဖျားနာခြင်း၊ အသက်ရှုကြပ်ပြီး၊ ချောင်းဆိုးခြင်းတို့ကြောင့် နွားထိုးကြီးမြို့၊ ပြည်ဆေးရုံသို့လာရောက်၍ (RDT)ဖြင့် ယမန်နေ့ညနေပိုင်းတွင် လာရောက်စစ်ဆေးရာ ကိုဗစ်-၁၉ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ (၁၃)ဦးတို့သည် ကြာပွားကျေးရွာမှ အမျိုးသား (၁)ဦး၊ ပြင်စည်ကျေးရွာမှ ယာဉ်မောင်းအမျိုးသား(၁)ဦး၊ ဇီကျေးရွာမှ ယာဉ်နောက်လိုက်(၂)ဦး၊ ခက်လန်းကျေးရွာမှ အမျိုးသား(၃)ဦး၊ ထန်းတောမ ကျေးရွာမှ အမျိုးသား(၃)ဦး၊ မြင်းနီကျေးရွာမှ အမျိုးသား(၃)ဦးတို့သည် နေမကောင်းပြီး အနံ့ပျောက်နေသဖြင့် နွားထိုးကြီးမြို့၊ ပြည်သူ့ဆေးရုံတွင် (RDT)ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသဖြင့် နွားထိုးကြီးမြို့၊ ပြည်သူ့ ဆေးရုံအထူး ကုသဆောင်တွင် သီးသန့်ထားရှိ၍ ဆေးဝါးကုသပေး လျက်ရှိကြောင်း သိရသည်။

သန်းအောင်ဇော်