ကော့မှူး ဇူလိုင် ၁၂
ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် မြို့မဈေးကြီးအတွင်း ကိုဗစ်-၁၉ ကူးစက်ပျံ့နှံမှု မရှိစေရန်နှင့် ကြိုတင်ကာကွယ်ရေးအတွက် ဈေးရောင်း ဈေးဝယ်ပြည်သူများ နှာခေါင်းစည်း Mask တပ်ဆင်ရေးရန် နှာခေါင်းစည်း Mask မတပ်ဆင်လာသူများအား နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခြင်းနှင့် ဈေးရောင်းဈေးဝယ်ပြည်သူများအား အပူချိန်တိုင်းတာခြင်းများကို ယနေနံနက်က ဆောင်ရွက်နေကြောင်း သိရသည်။
အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမိုးကျော် ဦးဆောင်၍ ဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဈေးရောင်း/ ဈေးဝယ် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ဈေးအတွင်းသို့ ဝင်ရောက်ပါက ပါးစပ်နှာခေါင်းစည်း Mask ကို မဖြစ်မနေတပ်ဆင်ကြရန် လက်ကို မကြာခဏဆေးကြောကြရန်နှင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာရောင်းချကြရန်၊ ဈေးအတွင်း ကိုဗစ်-၁၉ရောဂါ ပျံ့နှံမှုမှ ကာကွယ်နိုင်ရေးအတွက် ဈေးရောင်းချသူများနှင့် ဈေးဝယ်ပြည်သူများက ပူးပေါင်းပါဝင်ပေးကြပါရန် အသိပညာပေး ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့မဈေးကြီးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်သုံးစွဲရေးအတွက် လက်ကိုင်စပီကာများဖြင့် အသိပညာပေးနှိုးဆော်ခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းဝယ်/ ရောင်းချမှုရှိ/ မရှိအား လိုက်လံ စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။
ကျော်သူရ