သံဃာတော်တစ်ပါး ကိုဗစ်အတည်ပြုလူနာနှင့် ထိတွေ့မှုရှိခဲ့သောကြောင့် စခန်းကြီးတောရကျောင်း ကျောင်းတိုက်အား အသွားအလာကန့်သတ်ထားရှိ

လှည်းကူး ဇူလိုင် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်ရှိ စခန်းကြီးကျေးရွာမှ စခန်းကြီးတောရကျောင်းတိုက်တွင် သီတင်းသုံးတော်မူသည့် သံဃာတော်တစ်ပါး ကိုဗစ်အတည်ပြုလူနာ၏ မိသားစုဝင်များနှင့် ထိတွေ့ခဲ့မှု ကြောင့် ကျောင်းတိုက်အား ယာယီအသွားအလာကန့်သတ်ထားကြောင်း သိရသည်။

"ဦးဇင်းတို့ကျောင်းက သံဃာတစ်ပါးက ကိုဗစ်လူနာရဲ့ မိသားစုဝင်တွေဆီကို သွားခဲ့လို့ ခုလိုယာယီ Lockdown လုပ်ထားတာ၊ လူနာရဲ့မိသားစုဝင်‌တွေလည်း ကိုဗစ်ပိုးစစ်ထားတာ မရှိဘူးလို့သိရတယ်၊ ကျန်းမာရေးစိတ်ချရအောင်လို့ ထိတွေ့တဲ့သံဃာတော်ကိုလည်း သီးသန့်ထားတယ်၊ ကျန်းမာရေးလည်း အားလုံးကောင်းမွန်လျက်ရှိကြောင်း" ဆရာတော် အရှင်မေဓာနန္ဒက မိန့်ကြားသည်။

စခန်းကြီးတောရကျောင်းအား အသွားအလာကန့်သတ် ထားစဉ်ကာလအတွင်း သံဃာတော်များ၏ ပစ္စည်းလေးပါးနှင့် ဆက်စပ်သော ကိစ္စရပ်များကို ဆရာတော်အရှင်မေဓာနန္ဒက ကျောင်းတိုက်ပြင်ပရှိ ဓမ္မသာလကျောင်းဆောင်တွင် တာဝန်ယူဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျောင်းတိုက်တွင် သံဃာတော်(၁၃)ပါးနှင့် သာမဏေငယ်(၂၇)ပါးတို့ သီတင်းသုံးနေ ထိုင်တော်မူလျက်ရှိပြီး ပစ္စည်းလေးပါး လှူဒါန်းလိုသူများအနေဖြင့် ဆရာတော်၏ ဖုန်း ၀၉-၄၀၁၆၀၄၂၀၁ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

လှည်းကူး