ကွန်ဟိန်း ဇူလိုင် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်ခရိုင်၊ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွါးမှု မရှိစေရေး အသိပညာပေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ခြင်းအား ယနေ့ နံနက် ၈နာရီ အချိန်ခန့်က စတင်၍ ကွန်ဟိန်းတံတားပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် နေအိမ်မှ ပြင်ပသို့ထွက်ခွါသူများ ၊ လမ်းသွားလမ်းလာပြည်သူများ ၊ မော်တော်ယာဉ် /မော်တော်ဆိုင်ကယ် စီးနှင်းသူနှင့် လိုက်ပါသူများ Mask(နှာခေါင်းစည်း) မတပ်ဆင် လာပါက Mask များ ဖြန့်ဝေပေးခြင်း ၊ မလိုအပ်ပဲနေအိမ်ပြင်ပသို့ ထွက်ခွာခြင်းမပြုရန်၊ မကြာခဏ လက်ဆေးရန် အသိပညာပေးခြင်း၊ ကုန်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်များ ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြ သည်။
အဆိုပါဆောင်ရွက်ခြင်းအား မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေး ကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များမှ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)