သီပေါ ဇူလိုင် ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ယမန်နေ့က ကိုဗစ်− ၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ(၁၂)ဦးထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသ ရေး ဦးစီးဌာနမှ သိရသည်။
ဇူလိုင်လ ၁၁ ရက်နေ့က သီပေါမြို့နယ် ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံ တွင် Positive လူနာများနှင့် ထိတွေ့ခဲ့သူများ၊ ဖျားနာသူ(၅၁)ဦးအား COVID-19 Antigen RDT Test Kit ဖြင့်ရောဂါပိုးရှိ/မရှိ စစ်ဆေးခဲ့ရာ အမျိုးသား(၂)ဦး၊ အမျိုးသမီး(၁၀)ဦး၊ စုစုပေါင်း (၁၂)ဦး တို့တွင်ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိရကြောင်း၊ အဆိုပါ ပိုးတွေ့လူနာများအား သီပေါမြို့နယ် ပြည်သူ့ဆေးရုံနှင့်နမ့်လန်ရှိသီးသန့် ကုသကြပ်မတ်ဆောင် (Isolation Ward)တွင် ဆေးကုသနိုင်ရေး ဆောင်ရွက်ထားရှိကြောင်းနှင့် ၎င်းပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်စပ်သူ(၂၅)ဦးတို့အား Home Quarantineနှင့် Quarantine Centre တို့တွင် အသီးသီး ထားရှိကြောင်းသိရသည်။
သီပေါမြို့နယ်တွင် ဇူလိုင်လ ၁၁ ရက်နေ့ အထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့ အတည်ပြုလူနာပေါင်း (၂၆၄)ဦးပြီး၊ သေဆုံးသူ(၁၀)ဦး ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ခင်လေး