နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်း၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဆောင်ရွက်

နောင်ချို    ဇူလိုင်    ၁၂

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် သဖန်းကိုင်း ပရဟိတလူမှုကူညီရေးအသင်း၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က အဆိုပါ သဖန်းကိုင်းပရဟိတကျောင်း အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ သဖန်းကိုင်းပရဟိတ ဆရာတော်နှင့်လူမှုကူညီရေးအသင်း နာယက ၊ ဥက္ကဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အသင်းဖွဲ့စည်းပုံရေရှည်တည်တံ့ရေးကိစ္စများ ၊ စီမံချက်ရေး ဆွဲရေးကိစ္စများ၊ မည်သည့် အသင်းအဖွဲ့နှင့်မဆို အသားအရောင်မခွဲခြားဘဲ ဒေသပြည်သူများ အတွက် ပရဟိတစိတ်ဓာတ်အပြည့်နှင့် ပူးပေါင်း ပါဝင်ကူညီလုပ်ကိုင်ပေးရေး ကိစ္စများ၊ တစ်ဦး တစ်ယောက်တည်း၏ ဆုံးဖြတ်ချက်နှင့် မဆောင်ရွက်ဘဲ အသင်းသားအားလုံး၏ ဆုံးဖြတ်ချက်နှင့် အညီသာ လုပ်ကိုင်သွားလာရေးကိစ္စများကို အသေးစိတ်ဆွေးနွေးခဲ့ကြကြောင်း သဖန်းကိုင်း ပရဟိတလူမှုကူညီရေး အသင်းမှသိရသည်။

သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းအနေဖြင့် ယခုလက်ရှိ အခြေအနေတွင်လည်း မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထွေးငယ်(ပြန်/ဆက်)