မိုင်းယောင်း ဇူလိုင် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူများအနေဖြင့် တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်နှင့် အမှတ်စာရင်းများကို မြန်မာ့စာတိုက်လုပ်ငန်း၊ မြို့နယ်စာတိုက်ရုံးမှတစ်ဆင့် လာရောက်လျှောက်ထားတောင်းခံ ထုတ်ယူနိုင်ကြောင်း သိရသည်။
တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်နှင့် အမှတ်စာရင်းများထုတ်ယူရာတွင် အမည်၊ ခုံအမှတ်၊ အောင်မြင်သည့်ခုနှစ်၊ စာစစ်ဌာနအမည်၊ ဖြေဆိုခဲ့သည့်ဘာသာရပ်များ အပါအဝင် အခြားသတ်မှတ်ထားသည့် ဖောင်ပုံစံအတိုင်းဖြည့်စွက်ကာ လျှောက်ထားထုတ်ယူနိုင်ပြီး မည်သည့်ခုနှစ်မှ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားသူများမဆို ထုတ်ယူနိုင်သည်ဖြစ်ရာ လျှောက်လွှာပုံစံများအား မြန်မာ့စာတိုက်လုပ်ငန်း၊ မိုင်းယောင်းမြို့နယ်စာရိုက်ရုံးမှ လျှောက်လွှာပုံစံအား မိတ္တူကူး၍ဖြစ်စေ၊ လျှောက်လွှာနမူနာပုံစံအတိုင်း ကွန်ပျူတာစာစီ၍ ဖြစ်စေ လာရောက်လျှောက်ထားထုတ်ယူနိုင်ပြီး ကျသင့်သည့်စာပို့ခဝန်ဆောင်မှုပေးသွင်းကာ မြို့နယ်စာတိုက်ရုံးမှတစ်ဆင့် သက်ဆိုင်ရာဌာနသို့ ပေးပို့တောင်းခံထုတ်ပေးနေကြောင်း၊ မည်သည့်မြို့များမှမဆို နီးစပ်ရာ စာတိုက်ရုံးမှတစ်ဆင့်လည်း လျှောက်ထားတောင်းခံ ထုတ်ယူနိုင်ပါကြောင်း မြို့နယ်စာတိုက်ရုံးမှ သိရသည်။
တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်နှင့် အမှတ်စာရင်းများ တောင်းခံထုတ်ယူခြင်းနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုသည်များအား မြန်မာ့စာတိုက်လုပ်ငန်း၊ မိုင်းယောင်းမြို့နယ် စာတိုက်ရုံး၏ ရုံးဖုန်း ၀၈၄-၆၅၀၆၆ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါကြောင်း မြို့နယ်စာတိုက်ရုံးမှ သိရသည်။
အားချာ