၂၀၂၀-၂၀၂၁ ပညာသင်နှစ် စတုတ္ထတန်း (Grade-4) သင်ရိုးသစ် နောက်ဆက်တွဲ သင်တန်းဖွင့်လှစ်

ပင်လောင်း    ဩဂုတ်    ၁၁

အခြေခံပညာဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်တွင် မူလတန်းသင်ရိုးသစ် မိတ်ဆက်သင်တန်းကို အခြေခံပညာအရည်အသွေး တိုးတက်စေရန်အတွက် ပညာရေးပြုပြင်ပြောင်းလဲမှု၏ အရေးပါသော ဆောင်ရွက်မှုတစ်ခုဖြစ်ပြီး၊ ဘက်စုံလွှမ်းခြုံ ပြန်လည်ဆန်းစစ်မှုများနှင့် အဓိကပြောင်းလဲမှုတို့ကို ဘာသာရပ် အသီးသီး၏ အကြောင်းအရာများတွင် သာမက သင်ကြားသင်ယူမှုဖြစ်စဉ်များနှင့် ချဉ်းကပ်နည်းများကိုလည်း ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့်  Grade-4  သင်ရိုးသစ် နောက်ဆက်တွဲ သင်တန်း သင်ကြားပို့ချ ပေးလျက်ရှိသည်။

အဆိုပါသင်တန်းကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်း မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) အရှေ့ရပ်တွင် ဩဂုတ်လ ၁၀ရက်နေ့မှ ၁၅ရက်နေ့ထိ ()ရက်တာ သင်တန်းပို့ချပေးသွားမည်ဖြစ်ပြီး၊ သင်တန်းသို့ မူလတန်းပြဆရာ/ဆရာမနှင့် အသစ်ခန့် မူလတန်းအဆင့် ဆရာ/ ဆရာမ စုစုပေါင်း(၁၂၅)ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ခွန်အာကာစိုး