တန့်ယန်း ဇူလိုင် ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးထိန်းချုပ်ရန် မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများ ပူးပေါင်း၍ ဆောင်ရွက်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် အလှူငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် ပြည်သူ့ ဆေးရုံ၌ ကျင်းပခဲ့သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းအတွက် အလှူငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်းရာတွင် မြို့နယ်ပြည်သူ့ဆေးရုံ၌ အသုံးပြုရန် တရုတ်လူငယ်အသင်းမှ အလှူငွေ ကျပ် (၅)သိန်းနှင့် အောက်စီဂျင်(40)Leterဆန့် (၅)လုံးတို့ကိုလည်းကောင်း၊ အမှတ်(၄)ရပ်ကွက် ဦးစိုးပိုင်+ဒေါ်နန်းခမ်းဦး မိသားစုမှ အလှူငွေကျပ်(၅)သိန်းကိုလည်းကောင်း၊ အမှတ်(၂)ရပ်ကွက် စိုင်းအောင်ဦး+နန်းဆိုင်လင်း (အောင်-ကုန်စုံဆိုင်)မှ အလှူငွေကျပ်(၅)သောင်းတို့ကို ပေးအပ် လှူဒါန်းရာ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာရီရီထွေးနှင့် ဒေါက်တာ စိုးသန်းထိုက်တို့က လက်ခံရယူကာ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)