ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၆၇ ဦးထိရှိလာ

ပင်လောင်း  ဇူလိုင်  ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ဇွန် ၃၀ ရက်မှ ဇူလိုင် ၁၁ ရက်နေ့ထိ ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ ၆၇ ဦး တွေ့ရှိပြီဖြစ်ကြောင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ  သိရသည်။

ဇူလိုင် ၁၁ ရက်တွင် ပင်လောင်းမြို့ မင်္ဂလာကွက်သစ်ရပ်ကွက်မှ  (၆)ဦး၊ တီကျစ် ကျေးရွာအုပ်စု တီကျစ်အလယ်ပိုင်းမှ (၄) ဦးနှင့် နောင်တရားမြို့ နန်းပုလင်းကျေးရွာအုပ်စု စင်းစုတ် ကျေးရွာမှ တစ်ဦး စုစုပေါင်း အတည်ပြုလူနာ ၁၁ ဦး ထပ်မံတွေ့ရှိခဲ့သည်။

ဇွန် ၃၀ ရက်မှ ဇူလိုင် ၁၁ ရက်အထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာအမျိုးသား ၃၁ ဦး၊ အမျိုးသမီး ၃၆ ဦး  စုစုပေါင်း ၆၇ ဦး တွေ့ရှိခဲ့ကြောင်း၊  ဆေးရုံဆင်းခွင့်ရရှိသူ ဇူလိုင် ၉ ရက်တွင် အမျိုးသား တစ်ဦး၊ အမျိုးသမီး ၇ ဦး၊ ဇူလိုင် ၁၁ ရက်တွင် အမျိုးသား ၇ ဦး၊ အမျိုးသမီး နှစ်ဦး စုစုပေါင်းဆေးရုံဆင်းခွင့်ရသူ ၁၇ ဦးရှိပြီ ဖြစ်ကြောင်း၊  ဇူလိုင် ၉ ရက်တွင် အတည်ပြုလူနာတစ်ဦးကို တောင်ကြီးမြို့ စဝ်စံထွန်းဆေးရုံသို့ လွဲပြောင်းကုသခဲ့ရာ ဇူလိုင် ၁၀ ရက်တွင် ကွယ်လွန်သွားခဲ့ ကြောင်း၊  ကျန်ရှိနေသော အတည်ပြုလူနာများကို ပင်လောင်းမြို့နယ် ပြည်သူ့ဆေးရုံ သီးသန့် ဆောင်တွင်လည်းကောင်း၊    တီကျစ်တိုက်နယ်ဆေးရုံ သီးသန့်ဆောင်တွင်လည်းကောင်း၊ နောင် တရားတိုက်နယ်ဆေးရုံ သီးသန့်ဆောင်တွင်လည်းကောင်း  ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ အတည်ပြုလူနာများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများကိုလည်း  အသွားအလာကန့်သတ်စောင့်ကြည့်ရာနေရာများတွင်  ၁၀ ရက်ကြာ ကျန်းမာရေးစောင့်ရှောက် ထားရှိမည်ဖြစ်ကြောင်းနှင့် ထိတွေ့ဆက်စပ်ခဲ့သူများကိုလည်း ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)