မြေပုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ အတည်ပြုလူနာသစ်(၁)ဦး ထပ်မံတွေ့ရှိ


မြေပုံ ဇူလိုင် ၁၁


ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်၌  ယနေ့ မွန်းတည့် ၁၂ နာရီခွဲ အချိန်က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာသစ်(၁)ဦး ထပ်မံတွေ့ရှိကြောင်း ကုသရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီးထံမှ သိရသည်။


နေမကောင်းဖြစ်ကာ အနံမရ၍ မြို့နယ်ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံရန် လာရောက်သူအား နှာခေါင်း တို့ဖတ်၊ အာခေါင်တို့ဖတ်တို့ကို (RDT) ဖြင့် စစ်ဆေးရာ Positive ဖြစ်ကြောင်း သိရ၍ မြို့နယ်ပြည်သူ့ဆေးရုံရှိ သီးသန့်ဆောင်၌ ဆေးကုသမှုခံယူရန် မွန်းလွဲ(၁)နာရီအချိန်တွင် ထားရှိပြီး ဖြစ်ကာလူနာသစ်နှင့်ထိတွေ့ဆက်စပ်သူများအား ဖော်ထုတ်စစ်ဆေးလျက်ရှိသည်။
မြေပုံမြို့နယ်တွင် 
၃၀-၆-၂၀၂၁ ရက်နေ့မှ ယနေ့ထိ အတည်ပြုလူနာစုစုပေါင်း(၈)ဦးရှိရာ (၇)ဦးမှာ ကျန်းမာစွာဖြင့် ဆေးရုံမှဆင်းသွားပြီး ဖြစ်ကာ Home Quarantine (၇)ရက် ထားရှိကြောင်း သိရှိရသည်။

တင်ဝင်း