ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ မိုးကောင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံ

မိုးကောင်း ဇူလိုင် ၁၀
 
ကချင်ပြည်နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် မိုးကောင်းမြို့နယ် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူး များ အား ယမန်နေ့ နံနက်(၉)နာရီခွဲတွင် မိုးကောင်းမြို့တော်ခန်းမ၌ တွေ့ဆုံသည်။
တွေ့ဆုံပွဲတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကောင်းမြတ်စံမှ မိုးကောင်း မြို့နယ်တွင်း ကိုဗစ်-၁၉ကူးစက်မှုနှင့် လတ်တလော အခြေအနေ များကို လည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်နွယ်နွယ်မှ ပညာရေး သင်ကြားနေမှု အခြေအနေကိုလည်းကောင်း၊ မြို့မိမြို့ဖနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများမှ မြို့တွင်းလမ်းလိုအပ်ချက်များ၊ ဆည်မြောင်း လိုအပ်ချက်များ၊ လမ်းထိန်းနံရံ လိုအပ်ချက်များ၊ မြေသားလမ်း လိုအပ်ချက်များကို တင်ပြကြသည်။
ယင်းနောက် ကချင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန် သည် အဖွဲ့ဝင် ဦးမျိုးဆွေနှင့် အတူ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး တို့၏ တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးဖြည့်ဆည်း ခဲ့သည်။
ဆက်လက်၍ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် ကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးများလိုက်ပါလျက် အိုးတန်း ရပ်ကွက်အတွင်းရှိ မိုးကောင်း မြို့နယ် ဆေးရုံ၏အရှေ့နှင့် အနောက်ဘက်ရှိရေမြောင်းများ ရေစီးရေလာ ကောင်းမွန်အောင်တူးဖော်ရန်နေရာများ၊ လမ်းပြုပြင်/ခင်းရန်နေရာများ၊ ကျွန်းတော တံတားပေါ်မှတံဆင် မြင်နိုင်သည့် နန့်ရင်းချောင်းရေ တိုက်စား နေသည့် နေရာများ၊ နတ်ကြီးကုန်း ရပ်ကွက်အတွင်းရှိ မိုးကောင်း ချောင်းကမ်းပါးထိန်းနံရံတည်ဆောက်ထားရှိမှုနှင့် ဆက်လက် ဆောင်ရွက်ရန် နေရာများတို့ကို လိုက်လံလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
သန်းလွင်ဦး