တာချီလိတ် ဇူလိုင် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်၊ ဝမ်မိုင်ရွာတွင် ယနေ့နံနက် ၆ နာရီကျော်အချိန်က လျှပ်စစ်ထမင်းပေါင်းအိုး အသုံးပြုရာမှ အပူလွန်ကဲပြီး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် မျက်နှာကျက်နှင့်အမိုး၊ အဝတ်အထည်များနှင့် မုန့်မျိုးစုံ ခန်းမှန်းတန်ဖိုး ကျပ်တစ်သိန်းခွဲ ပျက်စီးဆုံးရှုံးမှုဖြစ်ခဲ့ကြောင်း၊ မီးလောင်မှုကို နံနက် ၇ နာရီကျော်အချိန် က ငြှိမ်းသတ်နိုင်ခဲ့ကြောင်းနှင့် မီးပေါ့ဆစွာသုံးစွဲသူအား တာချီလိတ်မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယာဆေး (ပြန်/ဆက်)