ရွာငံ ဇူလိုင် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်းရှိဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်− ၁၉ ရောဂါ ကာကွယ်ဆေးဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်း က ရွာငံမြို့ ဗထူးခန်းမ၌ ဆောင်ရွက်ပေးခဲ့သည်။
ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုကို ရွာငံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့် တာဝန်ရှိသူများ၊ မြို့နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန တို့ပူးပေါင်း၍ မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်အေးအေးဝင်းနှင့် အဖွဲ့က ကာကွယ်ဆေးလာရောက်ထိုးနှံသူများအား လက်သန့်ဆေးရည်များ အသုံးပြုပေးခြင်း၊ နှာခေါင်းစည်းများ ဝေငှပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း စသည့်ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးပြီး ကိုဗစ်−၁၉ ရောဂါဆိုင်ရာ စည်းကမ်းချက်များ ရှင်းလင်းပြောကြားကာ လာရောက်ဆေးထိုးနှံသူ (၁၇၅)ဦးအား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။