ဒလမြို့နယ်၌ စာရေးဆရာအသင်းဝင်များအား ဆန်၊ ဆီနှင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးကော်မတီသို့ အလှူငွေများ ပေးအပ်လှူဒါန်း

 

ရန်ကုန် ဇူလိုင် ၉

ရန်ကုန်တိုင်းဒေသကြီး ၊ဒလမြို့နယ်၌ မြန်မာနိုင်ငံစာရေးဆရာအသင်း မြို့နယ်စာရေးဆရာအသင်းဝင်များအား ဆန်၊ ဆီ နှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီသို့  အလှူငွေများ ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီကျင်းပပြုလုပ်ခဲ့သည်။

ထောက်ပံ့လှူဒါန်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစည်သူကျော်နှင့် အဖွဲ့ဝင် ဗိုလ်မှူးမင်းအောင်တို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ  မြတ်မင်းသန့်  က မြို့နယ်ကိုဗစ်-၁၉ ကော်မတီသို့ အလှူငွေ နှင့် စာရေးဆရာအသင်းဝင်းများအား ဆန်၊ ဆီနှင့် ထောက်ပံ့ငွေများ ပေးအပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက်  မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီသို့ မြို့နယ်စာရေးဆရာ အသင်းမှ အလှူငွေ ၅၀၀၀၀ ကျပ်၊ အလှူရှင် ဦးဇော်ဝင်းအောင် မှ အလှူငွေ ၅၀၀၀၀ ကျပ် နှင့် အရက်ပျံ (၁)ပေပါ တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစည်သူကျော် အား ပေးအပ်လှူဒါန်းခဲ့သည်။ ယင်းနောက် မြို့နယ်စာရေးဆရာ အသင်းဝင်  ၂၅   ဦး တို့အား တစ်ဦးလျှင် ဆန် ၅ ပြည်၊ ဆီ ၁ ပိဿာ၊ ကြာဆံ ၅၀ သား နှင့် မြန်မာနိုင်ငံစာရေးဆရာ အသင်း (ဗဟို)မှ ပံ့ပိုးငွေများကို ပေးအပ်ခဲ့ကြောင်းသိရသည်။

နိုင်လင်းကျော်