ကြည့်မြင်တိုင် ဇူလိုင် ၉
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ယမန်နေ့ နံနက်ပိုင်းက သီတာရပ်ကွက် ကမ်းနားလမ်း သီရိမဂ်လာဈေးဟောင်းရှေ့ ရေမြောင်းရှင်းလင်းမှုအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့များမှ ရှင်းလင်းဆောင် ရွက်ခဲ့ကြောင်း သိရသည်။
မိုရာသီတွင်ဖြစ်ပေါ်လေ့ရှိသော ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရန်နှင့် ရေစီးရေလာကောင်းမွန်စေရန်အတွက် ရည် ရွယ်ကာ မြို့နယ်စည်ပင်သာယာရေးဝန်ထမ်းများမှ ရေနုတ်မြောင်းများအတွင်း ပိတ်ဆို့နေသည့်အမှိုက်များ၊ မြောင်းချေးများနှင့် မြေသားများ ရှင်းလင်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။