မန္တလေး တိုင်းရင်းဆေးတက္ကသိုလ် ကျောင်းသားဟောင်းများအသင်း (UTMAA) က တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)သို့ ပရိုဂျက်တာ လှူဒါန်း

မန္တလေး ဩဂုတ် ၁၁

တိုင်းရင်းဆေးတက္ကသိုလ် ကျောင်းသားဟောင်းများအသင်း (UTMAA)က တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) သို့ ပရိုဂျက်တာတစ်ခုလှူဒါန်း ခြင်းကို ယနေ့နံနက် ၁၀နာရီက အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်ရှိ တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) တွင် ကျင်းပသည်။

အခမ်းအနားတွင် တိုင်းရင်းဆေးတက္ကသိုလ် ကျောင်းသားဟောင်းများအသင်း (UTMAA) အမှုဆောင်အဖွဲ့က တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)ရှိ တတိယနှစ်စာသင်ခန်းတွင် အသုံးပြုနိုင်ရန်အတွက် ငွေကျပ် ၄၁၄၀၀၀ တန်ဖိုးရှိ ပရိုဂျက်တာတစ်ခုကိုလှူဒါန်းရာ တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး)မှ ခေတ္တပါမောက္ခချုပ်၊ ပါမောက္ခ ဒေါက်တာသိန်းဇော်လင်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြား ခဲ့ကြောင်း သိရသည်။

ဇော်လင်းဦး (အောင်စံ)