မဟာအောင်မြေမြို့နယ် ရန်အောင်မြင်ကံလှတိုက်သစ်ရှိ သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်

မန္တလေး ဇူလိုင် ၈

မန္တလေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှူဖြင့် မန္တလေး မြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းများမှ သံဃာတော်များနှင့် သီလရှင် ကျောင်းများရှိ  သီလရှင်များကို နေ့ဆွမ်းများ ဆပ်ကပ် လှူဒါန်းလျက်ရှိရာ  နံနက် ၁၀ နာရီက မဟာအောင်မြေမြို့နယ် မဟာမြိုင်(၂)ရပ်ကွက် ၃၈လမ်း ၆၂လမ်း×၆၃လမ်းကြားရှိ ရန်အောင်မြင်ကံလှတိုက်သစ်ရှိ ဆရာတော် သံဃာတော် များအား မဟာအောင်မြေ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ  နေ့ဆွမ်းဆပ်ကပ် ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တက်ရောက်လာကြသူများက ရန်အောင်မြင်ကံလှတိုက်သစ် ဆရာတော်  ဦးသီရိန္ဒထံမှ ငါးပါးသီလ ခံယူဆောက်တည်တော်မူပြီး လှူဖွယ်ပစ္စည်းများ ဆပ်ကပ် လှူးဒါန်းရာ ဆရာတော်မှ ရေစက်ချ တရားတော်ကို ဟောကြားတော်မူသည်။

ဆက်လက်ပြီး ဆရာတော် သံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဆွေလွင်အောင်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ က နေ့ဆွမ်းဆပ်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

 ထွန်းထွန်းနိုင်