မဘိမ်း ဇူလိုင် ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် Quarantine Center (၄)နေရာ ၌ Facility Quarantine ထားရှိသူများအား ယမန်နေ့က RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ(၇)ဦး ထပ်မံစစ်ဆေးတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
မဘိမ်းမြို့တွင် လားရှိုးမြို့ပညာရေးကောလိပ်မှ ပြန်လည်ရောက်ရှိလာသူများကို စီပိန်းကျေး ရွာ၊ ပြင်လဟာကျေးရွာနှင့် ငါးအိုးကျေးရွာတို့ရှိ ကျေးရွာဘက်စုံသုံးခန်းမများနှင့် ကွန်းချောင်းကျေး ရွာရှိ ကျန်းမာရေးဝန်ထမ်းအိမ်ရာတို့တွင် Facility Quarantine ထားရှိသူ(၃၁)ဦးတို့အား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ RDT Test Kit ဖြင့်စစ် ဆေးခဲ့ရာ စီပိန်းကျေးရွာဘက်စုံသုံးခန်းမ Quarantine Center မှ အမျိုးသမီးနှစ်ဦး၊ ပြင်လဟာကျေးရွာဘက်စုံသုံးခန်းမ Quarantine Center မှ အမျိုးသမီးတစ်ဦး၊ ငါးအိုးကျေးရွာဘက်စုံသုံးခန်းမ Quarantine Center မှ အမျိုးသမီးတစ်ဦး၊ ကွန်းချောင်းကျေးရွာရှိ ကျန်းမာရေးဝန်ထမ်းအိမ်ရာ Quarantine Center မှ အမျိုးသမီးနှစ်ဦး၊ စုစုပေါင်းအမျိုးသမီး(၆)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး(Positive)တွေ့ရှိခဲ့ပြီး ၎င်းပိုးတွေ့လူနာများအား မြို့နယ်ပြည်သူ့ဆေးရုံရှိ (Quarantine Centre)နှင့် ငါးအိုးတိုက်နယ်ဆေးရုံရှိ (Quarantine Centre)တို့၌ သီးသန့်ထားရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ငါးအိုးကျေးရွာမှ ကိုယ်ဝန်ပျက်ကျ ၍သေဆုံးသူအား သံသယလူနာအဖြစ် ကျန်းမာရေးဌာနမှ RDT Test Kit ဖြင့် နှာခေါင်းတို့ဖတ်ယူ၍ စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး(Positive)တွေ့ရှိခဲ့ပြီး သေဆုံးသူအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ငါးအိုးသုဿန်၌ မီးသင်္ဂြိုလ်ပြီးဖြစ်ကြောင်းနှင့် ယင်းသေဆုံးလူနာနှင့် အနီးကပ်ထိတွေ့သူ မိသားစုဝင်(၉)ဦးတို့အား ငါးအိုးကျေးရွာ ဘက်စုံသုံးခန်းမ Quarantine Center တွင် Facility Quarantine ထားရှိဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
မျိုးမင်း