တောင်သာမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး ၁၀ ဦးထပ်မံတွေ့ရှိ

တောင်သာ ဇူလိုင် ၈

မန္တလေးတိုင်းဒေသကြီး  မြင်းခြံခရိုင်  တောင်သာမြို့နယ်အတွင်းရှိ  မင်းစုရပ်ကွက်မှ ကျား(၂)ဦး၊ ဝဲလောင်ကျေးရွာမှ မ(၂)ဦး၊ ကျောက်တလုံးကျေးရွာမှ ကျား(၁)ဦး၊ မ(၁)ဦး၊ ဘူတာကုန်းရပ်ကွက်မှ ကျား(၁)ဦး၊ မင်းရင်ကျေးရွာမှ ကျား(၂)ဦး၊ တဲယာကျေးရွာမှ မ(၁)ဦးတို့သည် ဖျားနာပြီးအနံ့မရသဖြင့်  ကိုဗစ်-၁၉ရောဂါ သံသယရှိသဖြင့် မြို့နယ်ပြည်သူ့ဆေးရုံ၌  RDT Kit  ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခဲ့သည်။

အဆိုပါ ပိုးတွေ့လူနာ(၁၀)ဦးအား တောင်သာမြို့ ပြည်သူ့ဆေးရုံ သီးသန့်ဆောင်တွင် ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။

တောင်သာမြို့တွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာစုစုပေါင်း(၇၀)ဦးရှိပြီး သေဆုံး သံဃာ(၁)ပါးနှင့် ဆေးရုံဆင်းသူ(၂)ယောက်ရှိကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)