ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုး (၁၀)ဦး ထပ်မံတွေ့ရှိ

ငါန်းဇွန် ဇူလိုင် ၈

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ငါန်းမြာကျေးရွာနေ အမျိုးသမီး နှစ်ဦးသည် နေမကောင်းသဖြင့် ယမန်နေ့ နံနက် ၁၁နာရီအချိန်က ငါန်းဇွန်မြို့နယ် ပြည်သူ့ဆေးရုံ၌ လာရောက်ပြသ၍ (RDT)ဖြင့် စစ်ဆေးရာ ၎င်းတို့(၂)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ​ကြောင်း သိရသည်။

ထို့နောက် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာ(၅)ဦးနှင့် ထိစပ်သူ Home Quarantine ထားရှိသောသူ (၉၃)ဦးအား ယမန်နေ့က (RDT)ဖြင့် စစ်ဆေးရာ အမျိုးသား (၄)ဦးနှင့် အမျိုးသမီး (၄)ဦးတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိကြောင်း သိရသည်။

အဆိုပါကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ အမျိုးသား(၄)ဦးနှင့် အမျိုးသမီး(၆)ဦး စုစုပေါင်း (၁၀)ဦးအား မြို့နယ် ပြည်သူ့ဆေးရုံ သံဃာဆောင်နှင့် မြို့နယ် အား/ကာခန်းမ (ယာယီဆေးရုံ)တွင်  Hospital Quarantine ထားရှိပြီး ၎င်းတို့နှင့် ထိတွေ့ဆက်စပ်သူ(၄၉)ဦးအား  Home Quarantine ထားရှိသွားမည် ဖြစ်သည်။

ငါန်းဇွန်မြို့နယ်တွင် ဇွန်(၂၈)ရက်နေ့မှ ဇူလိုင် ၇ ရက်နေ့အထိ ကိုစ်-၁၉ရောဂါ ပိုးတွေ့လူနာ အမျိုးသား (၁၂)ဦးနှင့် အမျိုးသမီး(၁၅)ဦး စုစုပေါင်း(၂၇)ဦးရှိပြီး ပိုးတွေ့လူနာ(၁)ဦးမှာ မန္တလေးပြည်သူ့ ဆေးရုံကြီးတွင် လည်းကောင်း (၂၆)ဦးမှာ ငါန်းဇွန်မြို့နယ်ပြည်သူ့ဆေးရုံ သံဃာဆောင်နှင့် မြို့နယ် အား/ကာခန်းမ (ယာယီဆေးရုံ)တွင် လည်းကောင်း ကျန်းမာရေး စောင့်ရှောက်မှု ခံယူလျက် ရှိကြောင်း သိရသည်။

သက်နောင်ဦး