မြစ်ကြီးနားမြို့နယ်၌ စားသောက်ဆိုင်နှင့် လက်ဘက်ရည်ဆိုင်များတွင် ဆိုင်ထိုင် စားသောက်ခွင့် မပြုစေရန်နှင့် ပါဆယ်စနစ်ဖြင့်သာ ရောင်းချရေး အသိပေး

မြစ်ကြီးနား ဇူလိုင် ၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ် မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ဖွင့်လှစ်ရောင်းချလျက်ရှိသော လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်နှင့် အစားအသောက် ပြုလုပ်ရောင်းချ သည့်ဆိုင်များ အားလုံး (Take away)ပါဆယ် စနစ်ဖြင့်သာ ရောင်းချသွားရန်၊ စင်တင်တေးဂီတဖြင့် ဖျော်ဖြေခြင်းနှင့်အခန်းတွင်း ကာရာအိုကေဖြင့် အပန်းဖြေအနားယူခြင်း အစီအစဉ် များအား မပြုလုပ်ရေး လိုက်လံအသိပေး နှိုးဆော်ခြင်းကို ယနေ့ နံနက် ၇ နာရီခွဲတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှုမှာ လက်ရှိ အခြေအနေအရ တတိယလှိုင်းအသွင် စတင်ဖြစ်ပွားနေပြီး မျိုးရိုးဗီဇ ပြောင်းလဲလာသော ရောဂါပိုးကူးစက်ဝင်ရောက်မှု ပျံ့နှံ့မှုရှိလာသဖြင့် ရောဂါထိန်းချုပ်ခြင်း၊ ကာကွယ်၊ကုသခြင်းလုပ်ငန်းစဉ်များအား ပိုမိုထိရောက်စွာ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ရေးလုပ်ငန်းများ၊ အသိပညာပေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်နိုင်ရန်အတွက် ဇူလိုင်လ(၈)ရက်နေ့မှ စတင်၍ မြို့နယ်အတွင်း ဖွင့်လှစ်ရောင်းချ လျက်ရှိသော စာသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များ ဆိုင်ထိုင်ရောင်းချခြင်းအစား ပါဆယ်စနစ် (Take away) ဖြင့်သာ ရောင်းချရန်၊ စင်တင်တေးဂီတဖြင့် ဖျော်ဖြေခြင်း၊ အခန်းတွင်း ကာရာအိုကေဖြင့် အပန်းဖြေအနားယူခြင်း အစီအစဉ်များအား မပြုလုပ်ရန်၊ ဈေးများတွင် ဈေးရောင်းသူများအနေဖြင့် mask အားမဖြစ်မနေတပ်ဆင်ခြင်း၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်း၊ မကြာခဏ လက်ဆေးခြင်း၊ စသည်များကို တိကျစွာ လိုက်နာဆောင်ရန်နှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ လမ်းညွှန် ချက်များနှင့်အညီ တိကျစွာလိုက်နာ ဆောင်ရွက်ကြရန်နှင့် လိုက်နာမှု မရှိပါက ဒဏ်ငွေပေးဆောင်စေခြင်းနှင့် အရေးယူဆောင်ရွက်ခြင်းများကို အဆင့်ဆင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းကို အသိပေးခဲ့သည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ရာတွင် မြစ်ကြီးနားမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးမင်းခိုင်ဝင်း ဦးဆောင်၍ ဒုတယိမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်တို့ ပူးပေါင်း၍ လိုက်လံ အသိပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်