သဘာဝရေပြင်ချောင်းအတွင်း ငါးမျိုးများ တွံတေး၌စိုက်ထည့်

 

တွံတေး  ဇူလိုင်  ၇

ငါးသံယံဇာတများ ရေရှည်စဉ်ဆက်မပြတ် ထိန်းသိမ်းနိုင်ရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း နှင့် ဝင်ငွေရရှိစေရန်၊ ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ပြန့်ပွားစေရန်၊ ငါးရိက္ခာများ ရေရှည်စားသုံးနိုင် ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနက တွံတေးမြို့နယ်၊ ဇီးဖြူကုန်းချောင်း သဘာဝရေ ပြင်သို့ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး ဦးတင်ထွဋ်၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးအေးနိုင်၊ တွံတေးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးဇာနည်မောင် ငါးလုပ်ငန်းဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ တာဝန်ရှိသူများ၊နှင့် တွံတေး ငါးသိပ္ပံသင်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ သင်တန်းသား၊သင်တန်းသူများကတက်ရောက်ခဲ့ကြပြီး (၂)လက်မအရွယ် ငါးခုံးမကြီး ငါးကောင်ရေ (၄၅၀၀၀၀၀) ငါးမြစ်ချင်း ငါးကောင်ရေ (၂၅၀၀၀) ရွှေဝါးငါးကြင်း (၂၅၀၀၀)စုစုပေါင်း ငါးကောင်ရေ (၅၀၀၀၀၀) အားငါးသယံဇာတမပြုန်းတီးရေး၊ ငါးရိက္ခာဖူလုံစေရေး၊ ငါးစားသုံးမှု မြင့်မားလာစေရေးအတွက် ငါးမျိုးများစိုက်ထည့်ပေးခဲ့ပြီး အဆိုပါ ငါးသားပေါက်များကိုတွံ​တေးငါးလုပ်ငန်းစခန်းမှ သားဖောက်ထုတ်လုပ်ပေးခဲ့ကြောင်း သိရသည်။