ကြည့်မြင်တိုင် ဇူလိုင် ၇
ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် အသိပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိရာတွင် ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ထီးတန်းစျေးတွင် ယမန်နေ့နံနက် ၈ နာရီအချိန်က မြို့နယ်စည်ပင်သာယာရေး ကော်မတီရုံးမှ ဝန်ထမ်းများက COVID-19 ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာ မြှင့်တင်ရေးအတွက် mask များ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေး နှိုးဆော်ခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
ထိုသို့ အသိပညာပေး လုပ်ငန်းအဖြစ် ဈေးအတွင်းရောင်းသူ၀ယ်သူနှင့် လမ်းများတွင် သွာလာသူများအား (mask & face shield) များ ဖြန့်ဝေပေးခြင်း၊ လိုက်နာရမည့်ရောဂါကာကွယ်ရေးဆိုင်ရာ အချက်များ နှိုးဆော်အသိပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ယခုအခါတွင် COVID-19 ရောဂါ ကာကွယ်ရေးဆက်လက်ဆောင်ရွက်အသိပေးရန် လိုအပ်ပါသဖြင့် အဆိုပါလုပ်ငန်းစဉ်အား ရက်အပိုင်းအခြားအလိုက် ဆောင်ရွက်ခဲ့ပြီး ထပ်မံ၍တိုးမြင့်ကာ မြို့နယ်အတွင်း အများသူငါ သွားလာရာနေရာများ၊ ဈေးများ၊ ရပ်ကွက်လမ်းဆုံနေရာများ၊ အနောက်ဘက်ခြမ်းရှိ ဈေးနှင့်ရပ်ကွက်များတွင် ရက်အပိုင်းအခြားအလိုက် ထပ်မံ၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)