ပင်လောင်း ဇူလိုင် ၇
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့တွင်းရှိ စားသောက်ဆိုင် များနှင့် လက်ဖက်ရည်ဆိုင်များ ယမနေ့မှစတင်၍ ပါဆယ်စနစ် (Take Away) ဖြင့်သာ ရောင်းချခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး၊ ကုသရေး ကော်မတီတို့က ရောဂါပိုးထိန်းချုပ်ခြင်း၊ ကာကွယ်ကုသခြင်းလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ပင်လောင်းမြို့နယ် စည်ပင်သာယာရေးနယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်း ချလျက်ရှိသည့် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်၍ စားသောက် သုံးဆောင်ခြင်းများကို ခွင့်မပြုတော့ဘဲ ပါဆယ်စနစ် (Take Away)ဖြင့်သာ ရောင်းချခွင့်ပေးမည်ဖြစ် သည်။
အလားတူ ပင်လောင်းမြို့နယ် စည်ပင်သာယာရေးဌာနပိုင် မြို့မဈေးကြီး၌ ဇူလိုင် ၅ ရက်နေ့တွင် ကိုဗစ် - ၁၉ ရောဂါပိုးရှိသူ ၁၀ ဦးထိ တွေ့ရှိသဖြင့် ကိုဗစ် - ၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှု မရှိစေရန်အတွက် ပင်လောင်းမြို့မဈေး၊ ပင်ခွန်ဈေး၊ နောင်ဝိုးဈေး၊ ဆောင်းပြောင်းဈေး၊ ထီးယွန်းဈေးများကို ဇူလိုင် ၆ ရက်နေ့မှ ဇူလိုင် ၂၀ ရက်နေ့အထိ ရက်သတ္တပတ် နှစ်ပတ်ကြာ ပိတ်သိမ်းထားမည်ဖြစ်ပြီး ဈေးရောင်းချနေသည့် ဈေးသူ/ဈေးသားများလည်း မိမိနေအိမ်အတွင်းသာ နေထိုင်ကြရန်နှင့် ကျန်းမာရေးတစ်စုံတစ်ရာ ထူးခြားမှုရှိပါက သက်ဆိုင်ရာသို့ ဆက်သွယ်ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မြို့နယ်စည်ပင်သာယာရေးဌာနက ထုတ်ပြန်ထားသည့် ကြော်ငြာချက်များအား စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်နှင့် ဈေးရောင်းချသူများမှ လိုက်နာဆောင်ရွက်မှုမရှိပါက သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဆိုင်ရာ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)