ရေး ဩဂုတ် ၁၁
ရေးမြို့နယ် အစင်ကျေးရွာအုပ်စု ဘုရားတောင်လမ်းဝ ဆိပ်ကလေးကျေးရွာတွင် သထုံ ငါးသားပေါက်စခန်းမှ ငါးခုံးမကြီး၊ ရွှေဝါငါးကြင်း၊ ငါးမြစ်ချင်း ငါးသန်သားပေါက် ကောင်ရေ (၆၀၀၀၀)တို့အား စပါးခင်းများနှင့် သဘာဝရေပြင်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန မှူး ဦးဝင်းကိုကိုဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစိုးနိုင်၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှူးဒေါက်တာသန်းထွဋ်အောင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တောင်သူများ တက် ရောက်ကြပြီး အစင်ကျေးရွာအုပ်စု ဆိပ်ကလေးကျေးရွာရှိ တောင်သူ(၁၃)ဦးတို့၏ လယ်မြေများ အတွင်းသို့ ငါးခုံးမကြီးနှင့် ရွှေဝါငါးကြင်း၊ ငါးသန်သားပေါက်ကောင်ရေ (၄၀၀၀၀)နှင့် သဘာဝ ရေပြင်အတွင်းသို့ ငါးမြစ်ချင်း ငါးသန်သားပေါက်ကောင်ရေ (၂၀၀၀၀)တို့အား ပထမအကြိမ်စိုက် ထည့်ခဲ့ကြောင်းသိရှိရသည်။
မြို့နယ်(ပြန်/ဆက်)