ကျိုက်မရောမြို့နယ်တွင် Grade -4 စတုတ္တတန်း သင်ရိုးသစ် သင်ကြားမှုဆိုင်ရာ သင်တန်းဖွင့်လှစ်

ကျိုက်မရော  ဩဂုတ်   ၁၁

ကျိုက်မရောမြို့နယ်တွင် Grade -4 စတုတ္တတန်း သင်ရိုးသစ် သင်ကြားမှုဆိုင်ရာ သင်တန်းကို ဒုတိယအကြိမ်အဖြစ် ယမန်နေ့ နံနက်ပိုင်းမှ စတင်ကာ ရန်မျိုးအောက်ရပ်ကွက်ရှိ အမှတ် (၃)အခြေခံ ပညာအလယ်တန်းကျောင်း(ခွဲ)၌ ဖွင့်လှစ်သည်။

အဆိုပါသင်တန်းကို သင်ကြားမှု အရည်အသွေးပြည့်ဝသော ဆရာ/ ဆရာမများမှ အရည်အသွေး ပြည့်ဝသည့် ကျောင်းသူ/ ကျောင်းသားများ ပြုစုပျိုးထောင်နိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းသို့ ကျိုက်မရောမြို့နယ်အတွင်းရှိ မူလတန်းအဆင့် ဆရာ/ ဆရာမ (၅၈)ဦး တက်ရောက်ကာ သင်တန်းနည်းပြ ၁၀ ဦးနှင့် ကြီးကြပ်သူ ၅ ဦးတို့က ဘာသာရပ်(၁၀)ခုကို တစ်ပတ်ကြာသင်ကြား ပို့ချ ပေးသွားမည်ဖြစ်သည်။

သင်တန်းပို့ချရာတွင် သင်တန်းသား/ သင်တန်းသူများအား ကိုဗစ်-၁၉ ရောဂါကူးစက်မှုကာကွယ် ရေးအတွက် အပူချိန် တိုင်းတာခြင်း၊ လက်ဆေးခြင်း၊ သင်တန်းခန်းမအတွင်း တစ်ဦးနှင့် တစ်ဦး ၆ ပေ အကွာနေခြင်း၊ နှာခေါင်စည်း mask များ တပ်ဆင်စေခြင်းစသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ ဖွင့်လှစ်သင်ကြား ပေးလျက် ရှိကြောင်း မြို့နယ်လက်ထောက်ပညာရေး မှူး ဦးညီညီလွင်ထံမှ သိရသည်။

 ချိုချို(ပြန်/ဆက်)