ကျောက်တံတားမြို့နယ်အတွင်း ရေစီးရေလာနှင့် ရေဆိုးစီမံခန့်ခွဲမှုလုပ်ငန်းများ ဆောင်ရွက်​

ကျောက်တံတား  ဩဂုတ် ၁၁

​ကျောက်တံတားမြို့နယ်အတွင်းရှိ လမ်းများတွင် ပြည်သူများအဆင်ပြေစွာ သွားလာနိုင်ရေး၊ ရေစီးရေလာ ကောင်းမွန် စေရေးနှင့် ရေမြောင်းပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေးတို့အတွက် Box Culvert ပြုပြင်ခြင်း လုပ်ငန်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေစီးရေလာနှင့် ရေဆိုးစီမံခန့်ခွဲမှု လုပ်ငန်း တာဝန်ခံအဖွဲ့မှ ကျောက်တံတားမြို့နယ်၊ ၃၅ လမ်းနှင့် ဘဏ်လမ်းထိပ်တွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်​နေစဉ်အတွင်း ရပ်ကွက်နေပြည်သူများ သွားလာရေး အဆင်ပြေစေရန် အတွက်  ကုန်သည် လမ်းဘက်မှ ဝင်ထွက်ပြုလုပ်ပေးနိုင်​​ရေးအတွက် လမ်းညွှန်ဆိုင်းဘုတ်ဖြင့် အသိ​ပေးဆောင်ရွက်ပေးထားပြီး အဆိုပါ လုပ်ငန်းကို  ဇူလိုင် ၂၃ ရက်နေ့မှ သြဂုတ်လ ၃၁ ရက်နေ့ထိ လုပ်ငန်း ပြီးစီး​အောင် ဆောင်ရွက်​ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သူဇာ(ပြန်/ဆက်)