နေပြည်တော် ဇူလိုင် ၆
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ စားသောက်ဆိုင်များနှင့် အခြားဆိုင်များအား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်ကာ စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ဇေယျာသီရိမြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးအောင်ဗလဟိန်း၊ ဇေယျာသီရိ မြို့နယ် ခုတင် (၅၀) ဆေးရုံ ခေတ္တဆေးရုံအုပ် ဒေါက်တာ ထွဋ်ညိုလင်းနှင့် တာဝန်ရှိသူများ လိုက်ပါလျက် မြို့နယ်အတွင်းရှိ ပြည်စံအောင်ရပ်ကွက်၊ နန်းသြကျေးရွာ၊ ရေဆင်းကျေးရွာအုပ်စုနှင့် ကျည်တောင်ကျေးရွာအုပ်စု များသို့ သွားရောက်၍ စားသောက်ဆိုင်များ ဆိုင်ထိုင်ရောင်းချခြင်း ရှိ/ မရှိ၊ အခြားစျေးဆိုင်များ ကိုဗစ်-၁၉စည်းမျဥ်းနှင့် အညီ ဖွင့်လှစ်ရောင်းချခြင်း ရှိ/ မရှိတို့အား ကွင်းဆင်း စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ စည်းကမ်းသတ်မှတ်ချက်နှင့်အညီဖွင့်လှစ် ရောင်းချမှုမရှိပါက ဆိုင်ပိတ်သိမ်းခြင်းအပြင် လိုအပ်သည့်အရေးယူဆောင်ရွက်ခြင်းများပြုလုပ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။
မြို့နယ် (ပြန်/ဆက်)