မိုးမိတ် ဇူလိုင် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ခရိုင်အဆင့်ကလေးသူငယ် အခွင့်အရေး ဆိုင်ရာကော်မတီဝင်များက မိုးမိတ်မြို့နယ်ရှိ ကလေးသူငယ်များ အခွင့်အလမ်းရရှိ စေရေးလုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ညှိနှိုင်းဆောင်ရွက်ခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီက အထွေထွေအုပ်ချုပ် ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဌ ဦးကျော်ဝင်း လှိုင်က ကလေးသူငယ်ဥပဒေပါပြဌာန်းချက်များကို ထိရောက်အောင်မြင်စွာ အကောင်ထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ခရိုင်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဒေါ်စမ်းသီတာနိုင် က ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအစည်းအဝေးကို(၃)လ တစ်ကြမ် နှင့် အထက်ဌာနများမှ အခါအားလျော်စွာ သတ်မှတ်ပေးသည့်အတိုင်းပြုလုပ်ရန်၊ မြို့နယ်ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီဝင်အစည်းအဝေးကိုလည်းပုံမှန်ကျင်းပဆောင်ရွက်သွားရန်၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားရန်၊ ကလေးသူငယ်ကိစ္စရပ်များဆောင်ရွက်ရာတွင် မသန်စွမ်းကလေးသူငယ်များ၏ အရေးကိစ္စများကိုထည့်သွင်းစဉ်းစားဆောင်ရွက်သွားရန်၊ သက်ငယ်မုဒိမ်းနှင့်ကျား/မ အခြေပြုအကြမ်း ဖက်မှု (GBV) အသိပညာဆွေးနွေးပွဲများပြုလုပ်ရန်၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေခြင်း နှင့် Online မှတစ်ဆင့် လွှ့င်တင်ခြင်းဖြင့်လည်း ဆောင်ရွက်သွားကြရန် ဟူသော ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မိုးမိတ်သား (စည်သူဌေး)