မိုင်းဆတ် ဇူလိုင် ၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၁)နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ခရိုင်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က ကိုဗစ်-၁၉ တတိယလှိုင်းဖြစ်ပွားနေမှု အခြေအနေများ၊ ခရိုင်အတွင်းရှိမြို့နယ်များတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေး အမှာစကား ပြောကြားသည်။
ဆက်လက်၍ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရွှေထွန်းက ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှု၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ဇေယျက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် လိုအပ်သည့်ပစ္စည်းများ တင်ပြတောင်းခံထားမှု၊ မိုင်းတုံမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်မိုးက မြို့ဝင်၊ မြို့ထွက်ဂိတ်များတွင် စစ်ဆေးဆောင်ရွက်နေမှု၊ မိုင်းတုံမြို့နယ်ဆရာဝန်ကြီး ဒေါက်တာ သက်ခိုင်မင်း က အောက်ဆီဂျင်စက် စုဆောင်းထားရှိမှုအခြေအနေများ၊ ယာဉ်မောင်း၊ ယာဉ်နောက် လိုက်များအား RDT Test Kit ဖြင့်စစ်ဆေး ဆောင်ရွက်နေမှုတို့ကို ဆွေးနွေးတင်ပြခဲ့သည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသူများက ခရိုင်အတွင်းရှိမြို့နယ်များ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား သက်ဆိုင်ရာတာဝန်ရှိသူများနှင့် စေတနာ့ ဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ရေး ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး ခရိုင်ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော် နှင့် ခရိုင်/မြို့နယ်ကော်မတီဝင်များက မြို့ဝင်၊ မြို့ထွက် ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်များထပ်မံဖွင့်လှစ်၍ ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်လိုင်းများမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား RDT Test Kit ဖြင့်စစ်ဆေးရေး၊ မြို့မဈေး၊ တည်းခိုခန်း၊ ဟိုတယ်နှင့်စားသောက်ဆိုင်များ ကိုဗစ်-၁၉ စည်းကမ်းချက်နှင့် အညီလိုက်နာဆောင်ရွက်မှုရှိမရှိ စစ်ဆေးရေး၊ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အတွက် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရေး၊ Stay at Home သတ်မှတ် ထားသောမြို့နယ်များနှင့် ရောဂါဖြစ်ပွားလျက်ရှိသောမြို့နယ်များမှ ဝင်ရောက်လာသူများ အား Quarantine ထားရှိရေး ဖြည့်စွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)