လမ်းမတော် သြဂုတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး စာစောင်နှင့်ပိုစတာများအား ပြသဆောင်ရွက်ကြောင်း သိရသည်။
၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် အသိပညာပေး အကြောင်းအရာများ ဖြစ်သည့် ရပ်ကွက်များအလိုက် ကပ်ထားကြေညာပေးသည့် မဲဆန္ဒရှင်စာရင်းများကို ကြည့်ရှုနိုင်ရေးနိုးဆော်ချက်များ၊ ပထမ အကြိမ် ကြည့်ရှုရက်(၁၄)ရက်အပြင် ၈.၈.၂၀၂၀ ရက်နေ့မှ ၁၄.၈.၂၀၂၀ ရက်နေ့အထိ (၇)ရက် ထပ်မံတိုးမြှင့်သည့် ကြေညာချက်များနှင့် မဲဆန္ဒရှင်စာရင်းကြည့်ရှုရာတွင် မိမိအမည်မပါဝင်ပါက ပုံစံ-၃ဖြင့် လည်းကောင်း၊ မပါဝင်သင့်သူ များ ပါဝင်နေပါက ပုံစံ-၄ဖြင့် ကန့်ကွက်ခြင်းဖြင့်လည်းကောင်း၊ မဲစာရင်း အချက်အလက်များ မှားယွင်းနေပါက ပုံစံ-၄(ဂ) ဖြင့် ပြင်ဆင်လွှာ တင်သွင်းခြင်းများကို လည်းကောင်း သိရှိနိုင်စေရန် ကြေညာချက်များကို ပြသဆောင်ရွက်ပေးခဲ့ရာ ပြည်သူများ လေ့လာကြည့်ရှုကြကြောင်း သိရှိရသည်။
ကျော်ဆန်းမြင့်