တန့်ယန်း ဇူလိုင် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး မြို့နယ်မှ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် စေတနာရှင် ပြည်သူများ ပူးပေါင်းကာ အရှိန် အဟုန်မြှင့်၍ အထူးကြပ်မတ်ဆောင်ရွက်နေရာ မြို့ဝင်စစ်ဆေးရေးဂိတ်တွင်လည်း ဇူလိုင် ၆ ရက်နေ့က ကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးရေးကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်နေလျက်ရှိကြရာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝေမိုးဦးနှင့် မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ တာဝန်ကျ ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ် ဦးစီးဌာနနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များက မြို့တွင်းသို့ သွားလာနေကြသော ခရီးသွားပြည်သူများ၊ မော်တော်ယာဉ်များအား ကျန်းမာရေး စစ်ဆေးဆောင်ရွက်သည့်အနေဖြင့် ကိုယ်အပူချိန်တိုင်းတာခြင်း၊ အဝင်အထွက်စစ်ဆေးခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်စေခြင်းတို့ကို မြို့ဝင်ဂိတ်တွင် နေ့စဉ် ဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။
မင်းလွင်ဦး