ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် လျှပ်စစ်သုံးစွဲမှု ကုန်ကျစရိတ် လျော့နည်း သက်သာစေရန် ရေနံဓာတ်ငွေ့ရည်များ သုံးစွဲနိုင်ရေး တွေ့ဆုံဆွေးနွေး

ဒဂုံ(အရှေ့) သြဂုတ် ၁၁

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၌ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုနှင့် ပြည်သူများအနေဖြင့် လျှပ်စစ်သုံးစွဲမှု ကုန်ကျစရိတ် လျော့နည်း သက်သာစေရန်  ရေနံဓာတ်ငွေ့ရည်များ သုံးစွဲနိုင် ရေး တွေ့ဆုံဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ရတနာစုကုမ္ပဏီနှင့် မြန်မာ့ရေနံဓာတုလုပ်ငန်းတို့ အကျိုးတူ ပူးပေါင်းမှုဖြင့် ပြည်သူများ လျှပ်စစ်မီး ချွေတာ နိုင်စေရန် အိမ်သုံး Gas အိုးများကို တစ်လနှစ်ကြိမ် ထုတ်ယူခွင့်ရှိသော ပါမစ်စာအုပ်ကို  စျေးနှုန်းချိုသာစွာဖြင့်  မည်သူမဆို ဖုန်းဆက်ပြီး မှာယူပါက အိမ်တိုက်ရာရောက် တပ်ဆင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အိမ်သုံး Gas အိုးများ သုံးစွဲရာတွင်လည်း အခြားသော ထင်းမီး၊ မီးသွေးများထက် ငြှိမ်းရ လွယ်ကူခြင်း၊ ချက်ပြုတ်သော အိုးများ သန့်ရှင်းမှုရှိခြင်း၊ မီးခိုးမထွက်သဖြင့် လေထုညစ်ညမ်းမှု မရှိခြင်း၊ ချက်ပြုတ်သူအတွက် ကျန်းမာရေး ရှုထောင့်အရ ပိုမိုကောင်းမွန်ပြီး လူနေမှုအဆင့် အတန်း ပိုမိုမြင့်မားစေခြင်းနှင့် ရှောင်ကြဉ်ရမည့် အချက်များ အနေဖြင့် ရေနံဓာတ်ငွေ့ယိုစိမ့်မှု အနံ့ရရှိပါက မသုံးစွဲမီ ယိုစိမ့်သည့်နေရာအား ဦးစွာ ရှာဖွေပြုပြင်ရမည်ဖြစ်ကြောင်း ရေနံ ဓာတ်ငွေ့ရည်အိုးများကို လေဝင် လေထွက်ကောင်းသော နေရာများတွင်သာ ထားရှိရန် အသုံးမပြုမီ မီးဖိုပြတင်း ပေါက် တံခါးပေါက် တို့ကို ဖွင့်ပြီးအသုံးပြုရမည်ဖြစ်ကြောင်း အစရှိသည့် ဆောင်ရန်၊ ရှောင်ရန် အချက်များကို ပြောကြား ခဲ့ကြောင်း သိရသည်။

ဝင်းထွဋ်ဝင်း(ပြန်/ဆက်)