အလုံ သြဂုတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက် ၈နာရီခွဲမှစ၍ စောမြောက်ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ တစ်အိမ်တက်ဆင်း သွားရောက်၍ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ၊ အဘိတ်ဆေးခတ်ခြင်း လုပ်ငန်းများ၊ အသိပညာပေး လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်နေအိမ်ခြံဝင်းအတွင်းရှိ ပန်းအိုးများ၊ ရေတွင်းရေကန်များ၊ ရေစည်များ၊ ရေအိုးရေခွက်များ နှင့် ရေဝပ်နိုင်သော ပစ္စည်းများအတွင်း ပိုးလောက်လန်းများ မပေါက်ဖွား စေနိုင်ရေး အတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ပြုလုပ်ခြင်းနှင့် ရေတွင်းရေကန်များ၊ ရေစည်များအတွင်း အဘိတ် ဆေးခတ်ခြင်းများဆောင်ရွက်ခဲ့သည်။
ထို့ပြင် သွေးလွန်တုပ်ကွေးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ခြင်း၊ ကိုဗစ် −၁၉ ကာကွယ်ရေး Hand Held Loudspeaker ဖြင့် အသိပညာပေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရ သည်။
တင်တင်ချို ပြန်/ဆက်