ရန်ကုန် သြဂုတ် ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးဗီနိုင်း၊ လက်ကမ်းစာစောင်နှင့် ပိုစတာများ အား ရုံးရှေ့ရှိ မြေစိုက်နံရံကပ်ဘုတ်တွင် ပြသဆောင်ရွက် လျက်ရှိသည်။
အဆိုပါ မြေစိုက်နံရံကပ်ဘုတ်တွင် ပြည်သူများအတွက် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အတွက် အသိပညာပေးအကြောင်း အရာများဖြစ်သည့် ရပ်ကွက်များအလိုက် ကပ်ထားပေးသည့် မဲဆန္ဒရှင်စာရင်းများကို ကြည့်ရှုရန် အချက်များ၊ ပထမအကြိမ် ကြည့်ရှုရက် (၁၄)ရက် အပြင် သြဂုတ်လ(၈)ရက်နေ့မှ (၁၄)ရက်နေ့ထိ (၇)ရက် ထပ်မံတိုးမြှင့်သည့် ကြေညာချက်များနှင့် မဲဆန္ဒရှင် စာရင်းကြည့်ရှုရာတွင် မိမိနာမည် မပါဝင်ခဲ့ပါ က ပုံစံ-၃ ဖြင့် လည်းကောင်း၊ မပါဝင်သင့်သူများ ပါဝင် နေပါက ပုံစံ-၄ ဖြင့် ကန့်ကွက်ခြင်းဖြင့်လည်းကောင်း၊ မဲစာရင်း အချက်အလက် များ မှားယွင်းနေပါ က ပုံစံ -၄ (ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကိုလည်းကောင်း သိရှိနိုင်ရေး ကြေညာချက်များကို ပြသ ဆောင်ရွက်ပေးခဲ့ရာ ပြည်သူများမှ လာရောက်လေ့လာ ကြည့်ရှုလျက်ရှိကြောင်း သတင်းရရှိသည်။
ကြည်ဇေသော် (ပြန်/ဆက်)