ကမာရွတ် ဩဂုတ် ၁၁
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကမာရွတ်မြို့နယ် အတွင်းရှိ ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့ တွင် ကျင်းပပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် မဲထည့်ရမည့်မဲဆန္ဒရှင်ပြည်သူများအား မဲစာရင်း လာရောက်ကြည့်ရှု စစ်ဆေးကြရန် အမှတ်(၂)ရပ်ကွက်အတွင်းရှိ အနော်ရထာ အိမ်ရာဝင်း မြို့နယ် ပြန်/ဆက် ရုံးတွင် မဲစာရင်းများ လာရောက် ကြည့်ရှုကြရန် ယနေ့ နံနက်ပိုင်း (၁၀:၃၀)က Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့သည်။
ထိုသို့လှည့်လည် နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် မဲပေးခွင့်ရှိသူတိုင်းမဲပေးနိုင်ရေးအတွက် ရပ်ကွက် ကော်မရှင် အဖွဲ့ခွဲရုံးများ၌မဲစာရင်းအား လာရောက်ကြည့်ရှုစစ်ဆေးပြီး မိမိအမည် မပါဝင် ပါက ပုံစံ(၃)ဖြင့် အမည်ထည့်သွင်းရန် တောင်ဆိုရန်၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ(၄) ဖြင့် ကန့်ကွက်ရန်၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင် ဖြည့်စွက် ပယ်ဖျက်ခြင်းများ လုပ်ဆောင် နိုင်မည် ဖြစ်ကြောင်း၊ လိုအပ်သည့်ပုံစံများအား သက်ဆိုင်ရာ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် အခမဲ့ရယူနိုင် မည် ဖြစ်ပြီး ဖြည့်စွက်၊ ပယ်ဖျက်၊ ပြင်ဆင် ခြင်းများ ဆောင်ရွက်ပြီးစီးပါက ၂၀၂၀ ပြည့်နှစ် အောက်တိုဘာ လ တွင် နောက်ဆုံးအကြိမ် ထပ်မံကပ်ထားကြေညာ သွားမည်ဖြစ်ကြောင်း သိရှိရသည်။
စိမ်းလဲ့(ပြန်/ဆက်)