မြစ်သားမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

မြစ်သား သြဂုတ် ၁၁

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင်  မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ နှာခေါင်းစည်း အခု(၁၆၀၀) အား ယနေ့နံနက်()နာရီမှစတင်ကာ မြစ်သားစျေး၊ အခွန်လွတ်စျေးနှင့် ကူမဲစျေးများတွင် စျေးရောင်းစျေးဝယ်လာသူများကို အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ နှာခေါင်းစည်းများကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အခမဲ့ဖြန့်ဝေခြင်းဖြစ်ပြီး ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပျံ့ပွားမှုမရှိစေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်များအတိုင်း လိုက်နာဆောင်ရွက်ကြစေရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ပြီး နှာခေါင်းစည်း များကို အပတ်စဉ် အင်္ဂါနေ့တိုင်း ဖြန့်ဝေပေးသွားမှာဖြစ်ကြောင်း သိရသည်။

နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေရာသို့ မြို့နယ်စည်ပင်သာယာရေး ဝန်ထမ်းများ၊ မြို့နယ် ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍  အဆိုပါစျေးများတွင်  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြမြမွန်(ပြန်/ဆက်)