နမ္မတူ ဇူလိုင် ၅
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ နမ္မတူရပ်ကွက်၊ နယ်မြေ (၃)တွင် နေထိုင်သော အမျိုးသားလေးဦးတွင် ဇူလိုင်လ ယမန်နေ့က ကိုဗစ်-၁၉ ပိုးတွေ့ရှိကြောင်း နမ္မတူမြို့ နယ်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
ပိုးတွေ့လူနာ (၄)ဦးမှာ (Home Quarantine) ထားရှိထားသည့် မိသားစုဝင် (၇)ဦးနှင့် ထိတွေ့ဖြစ်ပြီး ၎င်းတို့အား RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ အဆိုပါအမျိုးသား လေးဦး၌ ကိုဗစ်-၁၉ ပိုးတွေ့ရှိ ခဲ့သည်။
ထိုသို့ ကိုဗစ်-၁၉ပိုးတွေ့လူနာ အမျိုးသား လေးဦးအား နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံသို့ ပြောင်းရွှေ့ ကာ သီးသန့်ထားရှိကုသပေးလျက်ရှိပြီး ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း နမ္မတူမြို့နယ်၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။
နမ္မတူမြို့နယ်တွင် ဇွန်လ (၁၆)ရက်နေ့မှ ယနေ့အချိန်ထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၁၂)ဦးရှိပြီဖြစ်ပြီး၊ (၃)ဦးဆေးရုံဆင်းခွင့်ရရှိကာ၊ (၁)ဦးသေဆုံးခဲ့ပြီး၊ (၈)ဦးမှာ ပြည့်သူ့ဆေးရုံ သီးသန့်ဆောင်၌ ဆေးကုသလျက်ရှိကြောင်း နမ္မတူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
လူမော် (ပြန်/ဆက်)