မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိသူ (၃)ဦး ထပ်မံစစ်ဆေးတွေ့ရှိ

မိုင်းပျဉ်း ဇူလိုင် ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ယမန်နေ့မွန်းလွဲ ၂နာရီခွဲ က ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၃)ဦး ထပ်မံစစ်ဆေးတွေ့ရှိကြောင်း သိရသည်။

တောင်ကြီးမြို့မှ ကျိုင်းတုံမြို့သို့ ယာဉ်မောင်း(၁)ဦးနှင့် ခရီးသည်(၄)ဦး လိုက်ပါလာသည့် ရွှေကျားဖြူမော်တော်ယာဉ်လိုင်းသည် ဇူလိုင် ၄ ရက် မွန်းလွဲ ၂နာရီခွဲ က မိုင်းပျဉ်းမြို့သို့ရောက်ရှိပြီး ကျန်းမာရေး စစ်ဆေးရေးဂိတ်တွင် RDT Test Kit ဖြင့်စစ်ဆေးရာ ယာဉ်မောင်းနှင့် ခရီးသည်အမျိုးသား (၁)ဦး၊ အမျိုးသမီး(၁)ဦး စုစုပေါင်း(၃)ဦးတို့တွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၃)ဦးကို မိုင်းပျဉ်းမြို့ပြည်သူ့ဆေးရုံရှိ Isolation Ward ၌ သီးသန့်ထားရှိကာ ကျန်(၂)ဦးအား မိုင်းပျဉ်းမြို့  Community Based Facility ၌ ထားရှိကြောင်း သိရသည်။ မိုင်းပျဉ်းမြို့၌ ဇွန်လ ၃၀ ရက်နေ့မှ ဇူလိုင် ၄ ရက်နေ့ထိ ကိုဗစ်အတည်ပြုလူနာ (၅)ဦးရှိကြောင်း သိရသည်။

မေမွန်ထွဋ် (ပြန်/ဆက်)