လှည်းကူးမြို့နယ်၌ ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံး ပြိုင်ပွဲကျင်းပ

လှည်းကူး ဇူလိုင် ၅

ရန်ကုန်မြောက်ပိုင်းခရိုင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့ နံနက်(၈)နာရီက လှည်းကူး မြို့နယ်(က)အဆင့် အားကစားခန်းမ၌ ယှဉ်ပြိုင်ကစားခဲ့ကြသည်။

အမျိုးသား/အမျိုးသမီး ဖူဆယ်ဘောလုံးပြိုင်ပွဲကို မြို့နယ်(၉)မြို့နယ်မှ ဘောလုံးအသင်း (၁၈)သင်းက ပွဲစဉ်ပေါင်း(၄၀)ဖြင့် ယှဉ်ပြိုင်ကစား သွားမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များအတိုင်း ကျင်းပခြင်းဖြစ်ကြောင်း သိရပြီး ဇူလိုင်လ(၁၂)ရက်‌နေ့တွင် ဖိုင်နယ်ပွဲစဉ်ကို ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။

သင်းမြတ်သော်