မလှိုင်မြို့လူစည်ကားရာ နေရာများတွင်  Mask Campain ဆောင်ရွက်

မလှိုင်    ဇူလိုင်  ၄

 မန္တလေးတိုင်း‌ဒေသကြီး၊ မလှိုင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးမင်းထက်နှင့်  အဖွဲ့ဝင်များဖြစ်ကြသော ဒေါက်တာတင်ဇော်ဝင်း၊ ဦးဇေယျာအောင်၊ အတွင်းရေးမှူး ယာယီရဲမှူး ထိန်လင်းမောင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြိုနယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများ၊ စုစုပေါင်း(၈၇) ဦးတို့က ယနေ့နံနက်၇နာရီအချိန်တွင် မလှိုင်မြို့ လူစည်ကားရာ နေရာများတွင်  Mask Campain ပြုလုပ်ခဲ့ကြောင်းသိရသည် ။

  Mask Campain ကို လူစည်ကားရာ နေရာများဖြစ်သည့် မိတ္ထီလာ-မြင်းခြံကားလမ်းမဘေး မြို့နယ် စည်ပင်သာယာပန်းခြံရှေ့တွင်တစ်ဖွဲ့၊ မြို့မစည်ပင်သာယာဈေးပတ်ဝန်းကျင်နှင့် ပွဲစားတန်းလမ်းမ တွင်တစ်ဖွဲ့၊ မြို့လယ်မီးပွိုင့်လမ်းဆုံနေရာတွင်တစ်ဖွဲ့၊  စုစုပေါင်းအဖွဲ့(၃)ဖွဲ့ခွဲ၍ အပြင်ထွက် လျှင် ပါးစပ်၊နှာခေါင်းစည်း များတပ်ဆင်ပြီးမှသွားလာရန် သတိပေးပြောကြားကာ နှာခေါင်းစည်း ( Mask) များနှင့် မျက်နှာဖုံးအကာ (Face Shield)များကို အခမဲ့ ဝေငှပေးခဲ့ကြသည်။ ထို့အပြင်ဈေးအတွင်း Mask များတပ်ဆင်အသုံးပြုပြီးမှ ဈေးရောင်းဈေးဝယ်ပြုလုပ်ကြရန် ပညာပေးဟောပြောခဲ့ပြီး ဈေးပတ်ဝန်းကျင်နှင့် မိတ္ထီလာ-မြင်းခြံကားလမ်း တစ်လျှောက် ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

  အဆိုပါနေ့က ပါးစပ်၊နှာခေါင်းစည်း( Mask) အခုရေ(၂ဝဝဝ)နှင့် မျက်နှာဖုံးအကာ (Face Shield ) (၁ဝဝ )ကို ဖြန့်ဝေနိုင်ခဲ့ကြောင်းသိရသည်။

 အောင်ဌေး( မလှိုင် )