မော်လမြိုင် ဇူလိုင် ၄
မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဇော်လင်းထွန်းနှင့်သက်ဆိုင်ရာ ဌာနအလိုက် တာဝန်ရှိသူများသည် ယနေ့ နံနက် ၉နာရီခွဲက မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်၊ ပရိယတ္တိဓမ္မဗိမာန်တော်ကြီးတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေးအတွက် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာများထားရှိရန်ဆောင်ရွက်နေမှုကိုကြည့်ရှုစစ်ဆေးခဲ့သည်။
ယခုအခါတွင် ကိုဗစ်-၁၉ရောဂါသည် ပြည်တွင်းကူးစက်မှုနှုန်း မြင့်တက်လာပြီးဖြစ်သည့် အတွက် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကြိုတင်ဆောင်ရွက်နိုင်ရန် မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ပိုးတွေ့ အတည်ပြုလူနာများ ထားရှိနိုင်ရန် မွန်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိပြီး အဆိုပါ ကိုဗစ်-၁၉ ပိုးတွေ့ အတည်ပြုလူနာများအတွက် မော်လမြိုင်မြို့၊ အထွေထွေရောဂါကုဆေးရုံကြီးရှိ Isolation Ward-1 တွင် (၁၁၀) ဦး၊ Isolation Ward-3 တွင် (၂၂၀) ဦး၊ ပရိယတ္တိ ဓမ္မဗိမာန်တော်ကြီးတွင် (၁၅၀)ဦး၊ မော်လမြိုင်တက္ကသိုလ် သံလွင်ဆောင်တွင်(၁၅၀)ဦးနှင့် ထားဝယ်ဆောင်တွင် (၁၅၀)ဦးဖြင့် ထားရှိနိုင်ရန် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်သည်။
အလားတူ မွန်ပြည်နယ်(၁၀)မြို့နယ်တွင် Quarantine Center ပြင်ဆင်ထားရှိမှုများကိုလည်း မွန်ပြည်နယ် (၁၀ )မြို့နယ်အလိုက် နေရာစုစုပေါင်း(၃၂) ခု၊ လူဦးရေ(၂၄၅၀) ကျော်ထားရှိနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)