သံတွဲ ဇူလိုင် ၄
သံတွဲမြို့၌ ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်က ကိုဗစ်-၁၉ ရောဂါပိုးကင်းစင်သူ(၅)ဦးနှင့် Quarantine Centre ထားရှိသူ (၂၉)ဦးတို့အား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်း သိရှိရသည်။
သံတွဲမြို့တွင် ဇူလိုင် ၃ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူစုစုပေါင်း ၄၇ ဦးရှိရာမှ Covid-19 Rapid Antigen Test Kit ဖြင့် နှစ်ကြိမ်စစ်ဆေးရာ ရောဂါပိုးကင်းစင်ပြီး ကျန်းမာရေးကောင်းမွန်ကြောင်း စစ်ဆေး တွေ့ရှိရသဖြင့် သံတွဲခရိုင် ပြည်သူ့ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး Quarantine Centre ထားရှိပြီး ရောဂါပိုး မတွေ့ရှိသူ (၂၉)ဦးတို့အား သိမ်ကုန်းကျောင်းတိုက်ဆရာတော် ဦးတေဇိန္ဒ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ဝင်းဗိုလ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့် အဖွဲ့ဝင်များ၊ ခရိုင်ဆရာဆရာဝန်ကြီး ဒေါက်တာရဲဝင်းထွန်းနှင့်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ကြိုဆိုကြပြီး ဆန်သုံးပြည်အိတ်(၁)အိတ်၊ ဆီငါးဆယ်သား(၁)ဘူး၊ ကြက်ဥအလုံး(၂၀) အခြားစားသောက်ဖွယ်ရာများကို ထောက်ပံ့ ပေးအပ်ခဲ့ကြသည်။
အဆိုပါ Covid-19 ရောဂါပိုးကင်းစင်သူ(၅)ဦးနှင့် Quarantine Centre ထားရှိပြီး ရောဂါပိုး မတွေ့ရှိသူ (၂၉)ဦးတို့အား သက်ဆိုင်ရာနေအိမ်များသို့ ပို့ဆောင်ပြီး (၇) ရက် Home Quarantine ထားရှိကာ စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်