ချီဖွေ ဇူလိုင် ၄
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့တွင် မြို့နယ်ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိုနှိုင်းအစည်းအဝေးကို ယမန်နေ့ နေ့လည်(၁)နာရီက အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဝင်းဇော်ထွေးက ဆွေးနွေးရာတွင် လက်ရှိအခြေအနေအရ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာများ တိုးပွားလာတာကြောင့် ချီဖွေမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးလုပ်ငန်းကို အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကြိုတင်ကာကွယ်ရေး လုပ်ငန်းအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့်အလိုက် ရှင်းလင်းဆွေးနွေးပြီး ချီဖွေမြို့ နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာလင်းလင်းထွန်းက ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် နေရာကြိုတင်စီစဉ်ထားရှိမှုနှင့် လိုအပ်သည့်ပစ္စည်းများ စုဆောင်းမှု အခြေအနေနှင့် ပတ်သက်၍ ဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာကြသော ကော်မတီဝင်များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ရေးလုပ်ငန်းဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။ ချီဖွေမြို့နယ်သည် ခရီးသွားပြည်သူများ ခရီးတစ်ထောက်နား ကြားခံမြို့တစ်မြို့ဖြစ်သည့် အပြင် လူဝင်လူထွက်များသည့် မြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းကို တင်းကြပ်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)