သာစည် ဇူလိုင် ၄
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူများပြားလာမှုနှင့် ပိုးတွေ့ ရှိသူတစ်ဦးသေဆုံးမှုတို့ကြောင့် ရောဂါကူးစက်ပျံ့ပွားမှုထိန်းချုပ်နိုင်ရန် ပြည်သူများ ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို လိုက်နာကြရေး မြို့နယ်ကိုဗစ်-၁၉ စောင့်ကြည့် ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီက ယမန်နေ့က လိုက်လံနှိုးဆော်ကြေညာ ပေးလျက်ရှိကြောင်းသိရသည်။
သာစည်မြို့နယ်တွင် မေလမှစတင်၍ ယနေ့နံနက်ပိုင်းကရောဂါပိုးတွေ့ရှိသူ ၅ ဦးအပါအဝင် စုစုပေါင်းကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ ၇၈ ဦးရှိကြောင်းသိရပြီး ယနေ့နံနက်က အသက် ၇၃ နှစ်အရွယ်အမျိုးသမီးတစ်ဦးသေဆုံးကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)