ကျောက်ပန်းတောင်း ဇူလိုင် ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံတွင်အနံ့မရသဖြင့် ဆေးရုံသို့ လာရောက်ပြသသူ(၂)ဦးအား ယမန်နေ့က RDT Test Kit ဖြင့် စစ်ဆေးရာမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်းသိရသည်။
ကျောက်ပန်းတောင်းမြို့မှ မန္တလေးမြို့သို့ ခေတ္တသွားရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဇွန်လ (၃၀)ရက်နေ့တွင် ပြန်လည်ရောက်ရှိခဲ့သူ လွတ်လပ်ရေးရပ်ကွက်နေသူ အသက်(၄၈)နှစ်ရှိ အမျိုးသား(၁)ဦးနှင့် မန္တလေး ရတနာပုံတက္ကသိုလ်တွင် နောက်ဆုံးနှစ် တက်ရောက်၍ စာမေးပွဲဖြေဆိုပြီး၊ ၂၀၂၁ခုနှစ်၊ ဇွန်လ(၃၀)ရက်နေ့ တွင်ပြန်လည်ရောက်ရှိလာသူ တောင်ဦးကျေးရွာမှ အသက် (၂၆)နှစ်အရွယ် အမျိုးသမီး(၁)ဦးတို့သည်၊ အနံ့မရသဖြင့် ဆေးရုံသို့လာရောက်ပြသခဲ့ကောင်းသိရပြီး၊ မြို့နယ်ပြည်သူ့ဆေးရုံမှ RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ၊ ၎င်းတို့(၂)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။ သို့ဖြစ်ရာ အဆိုပါ ရောဂါပိုးတွေ့ရှိသူ (၂)ဦးအား မြို့နယ်ပြည်သူ့ဆေးရုံ ကိုဗစ်-၁၉ ရောဂါပိုးကုသ ဆောင်တွင် ထားရှိ၍ ကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိပြီး၊ ၎င်းတို့နှင့် ထိတွေ့ဆက်စပ်ခဲ့သူများကို ဆက်လက်ဖော်ထုတ်၍ ကြိုတင်ပြင်ဆင်ထားသည့် ပြည်တော်သာရပ်ကွက်ရှိ မြပါရမီကိုယ်ပိုင် အထက်တန်းကျောင်း Quaratine Center တွင် ထားရှိ စောင့်ကြပ်ကြည့်ရှုသွားမည်ဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)