တန့်ယန်းမြို့နယ်တွင် ၂၀၂၁ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

တန့်ယန်း  ဇူလိုင်  ၃

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်တွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန မြို့နယ် သစ်တောဦးစီးဌာနမှကြီးမှူး၍  ထင်းရှူးတစ်အုပ်တစ်မ စိုက်ပျိုးခြင်း ၂၀၂၁ - ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက ၁/၁၉၉၆ စီးပွားရေး(ထင်းရှူး)(၁၄၉)၌ စုပေါင်း စိုက်ပျိုးခဲ့ကြသည်။

 

အဆိုပါ ထင်းရှူးတစ်အုပ်တစ်မစိုက်ပျိုးခြင်း ၂၀၂၁ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိ ဌာန ဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသူရအောင်နှင့် ဝန်ထမ်းများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး စည်းကမ်းချက်များနှင့် အညီ ထင်းရှူးပင် စုစုပေါင်း( ၅၀၀ )ပင်ကို စုပေါင်း စိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။

 

မင်းလွင်ဦး