ပေါက်တောမြို့တွင် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲပြုလုပ် ‌

ပေါက်တော ဇူလိုင် ၃

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့တွင် မြို့ရွာစိမ်းလန်းစိုပြေရေး၊ သဘာဝဘေးအန္တရာယ်များ လျော့ပေါ့ ကာကွယ်နိုင်စေရန်၊ ပေါက်တောမြို့နယ် သစ်တောဦးစီးဌာနမှ စီစဉ်၍ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုး ပွဲကို ပေါက်တောမြို့နယ် ဘဝမ်းချောင်းဖျားစုရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း ခြံဝင်းအတွင်း တွင် ယနေ့ နံနက်(၈)နာရီက ပြုလုပ်သည်။

အဆိုပါ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ ပေါက်တောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဆရာ/ဆရာမများ ကျောင်းသူ၊ ကျောင်းသားများ တက်ရောက်ကြပြီး စုပေါင်းသစ်ပင်စိုက်ပျိုးခဲ့ကြသည်။

ယင်းစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်သစ်တောဦးစီးဌာနမှ မန်လန်ရှားပင် (၃၀၀)ပင်နှင့် ကျွန်းပင် (၂၀၀)ပင်တို့ကို စီစဉ်ဆောင်ရွက် စိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။

ကျော်သန်း