ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခြံဝင်း၌ မိုးရာသီသစ်ပင်စိုက်ပျိုး

ပူတာအို ဇူလိုင် ၃

 

နယ်စပ်ရေးရာ၀န်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၏ ဦးဆောင်မှုဖြင့် ၂၀၂၁-ခုနှစ် ပတ်၀န်းကျင် စိမ်းလန်းစိုပြေရေးလှုပ်ရှားမှု မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက အဆိုပါ ပူတာအို ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခြံ၀င်း အတွင်း သတ်မှတ်နေရာများတွင် ကိုဗစ်-၁၉ စည်းမျဉ်း စည်းကမ်းချက်များနှင့် အညီ စိုက်ပျိုးခဲ့ကြသည်။

 

သစ်ပင်စိုက်ပျိုးပွဲတွင် ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဇော်ထွန်းက လေထုသန့်စင်ရန်နှင့် ရာသီဥတုမျှတစေရန် ပတ်၀န်းကျင် ထိန်းသိမ်းရေးနှင့် သဘာ၀ သယံဇာတ အရင်းအမြစ်များ ရေရှည်တည်တံ့နိုင်စေရန် ရည်ရွယ်၍ စိုက်ပျိုးရခြင်းဖြစ်ကြောင်း၊ မိမိတို့ စိုက်ပျိုးထားသည့် သစ်ပင်များပျက်စီး ဆုံးရှုံးမှုမရှိစေနှင့် ဆက်လက်ရှင်သန်နိုင်ရန်အတွက် သက်ဆိုင်ရာ တာ၀န်ရှိသူများမှ ထိန်းသိမ်းစောင့်ရှောက်ကြ စေလိုကြောင်း ပြောကြားပြီး ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ဒုတိယ ညွှန်ကြားရေးမှူးက နယ်စပ်ဒေသတိုင်း ရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပူတာအို) ကျောင်းအုပ် ဆရာကြီး ဦးသိန်းလှမောင်နှင့်အမျိုး သမီးအိမ်တွင်းမှု သက်မွေး လုပ်ငန်း ပညာသင်တန်းကျောင်း(ပူတာအို) ကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်ဌေးရီ တို့ထံ စိုက်ပျိုးမည့် ပျိုးပင်များ ပေးအပ်ခဲ့သည်။

 

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ပူတာအိုခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဇော်ထွန်း နှင့် ရုံး၀န်ထမ်းများ၊ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း (ပူတာအို) ကျောင်းအုပ်ဆရာကြီး ဦးသိန်းလှမောင်နှင့် နည်းပြ၀န်ထမ်းများ၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း(ပူတာအို) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဌေးရီနှင့် နည်းပြ၀န်ထမ်းများက ပတ်၀န်းကျင်စိမ်း လန်းစိုပြေလာစေရေးအတွက် အာဆီယံပင်(၁၀)ပင်၊ ဂရိဖရုပင်(၁၅)ပင်၊ ပိန္နဲပင်(၁၀)ပင်၊ ငုဝါပင်(၁၀)ပင်၊ ရေပိ တုန်းသစ်မျိုးပင်(၁၅)ပင်၊ တောင်တမာပင်(၁၀)ပင်၊ သရက်ပင်(၅)ပင် စသည့် လေကာပင်၊ပန်းအလှပင်များနှင့် နှစ်ရှည် သီးပင် စားပင်များကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

 

ခရိုင် (ပြန်/ဆက်)